Terms & Conditions

သုံးစွဲသူများ အားလုံး ဖတ်ရှုသိရှိရန် · Please read before using KiloEarn

KiloEarn သည် ခရီးသွားများနှင့် ပစ္စည်းပို့ဆောင်လိုသူများကို ချိတ်ဆက်ပေးသည့် listing board (bulletin board) တစ်ခုသာ ဖြစ်ပါသည်။ ငွေပေးချေမှု၊ ပစ္စည်း လွှဲပြောင်းမှု၊ ပို့ဆောင်ခြင်း၊ (သို့) User များ၏ တကယ့်အထောက်အထား (identity) အပြည့်အစုံ verify လုပ်ဆောင်ပေးခြင်းများကို KiloEarn က တာဝန်ယူ စီစဉ်ပေးထား ခြင်း မရှိပါ။ Phone/Email verification သည် အကောင့်တစ်ခု ဖန်တီးနိုင်ကြောင်း သက်သေပြရုံမျှသာ ဖြစ်ပြီး၊ User ၏ အမည်၊ လိပ်စာ၊ (သို့) စစ်မှန်မှုကို အာမခံခြင်း မဟုတ်ပါ။

KiloEarn is only a listing board that connects travelers with people who want to send items. We do not handle payments, hold custody of any goods, arrange shipping, or fully verify users' real-world identities. Phone/email verification only proves control of that phone number or inbox — it is not proof of who someone really is.

KiloEarn ကို အသုံးပြု၍ အခြား User တစ်ဦးနှင့် ဆက်သွယ်၊ တွေ့ဆုံ၊ ငွေပေးချေ၊ (သို့) ပစ္စည်းလွှဲပြောင်းခြင်း အားလုံးသည် User များအချင်းချင်း ကိုယ်ပိုင်တာဝန်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အကြံပြုချက်များ:

  • လူစည်ကားသော public နေရာများတွင်သာ တွေ့ဆုံပါ
  • ငွေမပေးချေမီ ပစ္စည်း၏ အခြေအနေကို ကိုယ်တိုင် စစ်ဆေးပါ
  • မသိကျွမ်းသူအား ကြိုတင်ငွေလွှဲခြင်း (advance payment) ကို ရှောင်ကြဉ်ပါ
  • တားမြစ်ထားသော (သို့) တရားမဝင်သော ပစ္စည်းများကို လက်ခံ/ပို့ဆောင်ခြင်း မပြုလုပ်ပါနှင့်

Any contact, meetup, payment, or handover between users happens entirely at those users' own risk. Meet in safe public places, verify the item before paying, avoid advance payments to unverified strangers, and never carry prohibited or illegal items.

အောက်ပါ လက္ခဏာများကို တွေ့ရှိပါက အထူးသတိထားပြီး ဆက်လက် မလုပ်ဆောင်ဖို့ အကြံပြုပါသည်: ဈေးနှုန်း အလွန်ဈေးချိုနေခြင်း၊ ကြိုတင်ငွေ (deposit) တောင်းဆိုခြင်း၊ Video call (သို့) ID verification ကို ငြင်းဆန်ခြင်း၊ အလျင်စလို ဆုံးဖြတ်ခိုင်းခြင်း။ သံသယရှိပါက ရောင်း/ဝယ်/ဆက်သွယ်မှု မပြုလုပ်ပါနှင့်။

Watch for red flags: prices that seem too good to be true, requests for advance payment or deposits, refusal to do a video call or show ID, or pressure to decide quickly. When in doubt, don't proceed.

ဤ Website ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပစ္စည်းပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း၊ အလိမ်ခံရခြင်း၊ ငွေကြေးဆုံးရှုံးခြင်း၊ User များအကြား ပဋိပက္ခဖြစ်ပွားခြင်း (သို့) အခြားမည်သည့် နစ်နာမှုအတွက်မဆို KiloEarn (site ပိုင်ရှင်နှင့် developer အပါအဝင်) က မည်သည့်တာဝန်မျှ ယူမည်မဟုတ်ပါ။ ဤ Site ကို "ရှိသည့်အတိုင်း" (as-is) အခမဲ့ ဝန်ဆောင်မှုအဖြစ် ပေးထားခြင်းသာ ဖြစ်ပါသည်။

KiloEarn (including its owner and developers) is not liable for any loss, damage, fraud, scam, financial loss, or dispute arising from use of this site. The service is provided "as-is" with no warranty.

ဤ Website ကို ဆက်လက် အသုံးပြုခြင်းအားဖြင့် အထက်ဖော်ပြပါ စည်းမျဉ်း စည်းကမ်းများကို ဖတ်ရှု နားလည်၍ သဘောတူညီကြောင်း အတည်ပြုပါသည်။

By continuing to use this site, you confirm that you have read, understood, and agree to these terms.